စေတုတ္တရာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား သင်တန်းပို့ချ

စေတုတ္တရာ ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပို့ချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ သင်တန်းပို့ချရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနမှ (၂၂.၁၂.၂၀၂၀)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၅၄/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် ပတ်သက်၍ ပြင်ဆင်ထားသည့် နည်းဥ ပဒေများအား ရှင်းလင်း ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်သည်  မြို့ပေါ်ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု (၄၆)အုပ်စုနှင့် ကျေးရွာပေါင်း (၁၁၃)ရွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် လူဦးရေ အနေဖြင့် (၄၆၂၈၂)ဦးခန့် ရှိကြောင်း သိရသည်။        

စည်သူလွင်(ပြန်/ဆက်)