လမ်းမတော် ဒီဇင်ဘာ ၃၀
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည်ဖော် ရေးအတွက် အစိုးရ-ပုဂ္ဂလိက တတိယ အကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာနမှ “ပင်ရင်းဒေသစည်းမျဉ်းများ” နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
RCEP စာချုပ်ဝင်(၁၅)နိုင်ငံအတွင်း လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်ရေး၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများ၊ လိုက်နာရမည့် ကတိကဝတ်များ၊ ပင်ရင်းဒေသစည်းမျဉ်းများ ဆိုင်ရာများကို နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှင်စောသူ၊ ကုန်သည်စက်မှုအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ချုပ် ဦးအေးဝင်းနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။
မူရင်းထုတ်လုပ်သည့် ကုန်စည်ဖြစ်ကြောင်းနှင့် အဆိုပါ ကုန်စည်များအပေါ် ကောက်ခံမည့် အကောက် ခွန်နှုန်းထားသတ်မှတ်ခြင်း၊ ပင်ရင်း ထုတ်ကုန် မဟုတ်သော ကုန်စည်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် ပင်ရင်းထုတ်ကုန်အဖြစ် သတ်မှတ်နိုင်ရန် အနိမ့်ဆုံး လိုအပ်ချက်များ၊ ပင်ရင်း ထုတ်ကုန် ဖြစ်ကြောင်း သက်သေ အထောက်အထားဖြစ်သည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin) အသုံးပြုခြင်း အစီအစဉ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များအပေါ်တွင်လည်း ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ် များမှ အကြံပြုဆွေးနွေးခဲ့ကြသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)