ပေါင် ဒီဇင်ဘာ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ကေသီစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ၉ နှစ်မှ ၁၂ နှစ်အောက် ကျောင်းတွင်မထိုးနှံသေးရသည့် ကျောင်းသူများနှင့် ကျောင်းပြင်ပ မထိုးနှံသေးရသည့် မိန်းခလေးငယ်များကို ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူးနှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)