ဂန့်ဂေါ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ဌာနဆိုင်ရာရုံးများသို့ ဆက်သွယ်သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၂၀၀၀၀၀၀)တိတိဖြင့် အလျား(၈၂၀)ပေ၊ အနံ(၁၂)ပေနှင့် (၆)လက်မထု ကွန်ကရစ်ခင်းခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက အဆိုပါလမ်းဖြင့်ဆက်သွယ်သွားလာရသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် မော်တော်ယာဉ်များ ဆက်သွယ်သွားလာရအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)