လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လမ်းမတော် ဒီဇင်ဘာ ၃၀

လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ညီနောင်အသင်းများနှင့် အသင်းဝင်များ၏ လိုအပ်ချက်များကို စုစည်းပေါင်းစည်း ညှိနှိုင်း၍ နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ယမန်နေ့တွင် လယ်ယာစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ကော်မတီ အဖွဲ့ဝင်များမှ  ပို့ကုန်မြှင့်တင်ရေး လုပ်ငန်း များ၊ ကိုဗစ်-၁၉ ကာလတွင် တောင်သူလယ်သမားချေးငွေ ရရှိရေး၊ မိုးတွင်း စီးပွားရေးကုစားမှုအစီအစဉ်နှင့် အကျုံးဝင်သော ချေးငွေ များ၊ စိုက်ပျိုးရေးအခြေခံသည့် စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ပြောင်းလုပ်ငန်းများအတွက် သက်သာသည့်ဈေးနှုန်းဖြင့် ဆောင်ရွက် သွား ရန်ကိစ္စရပ်များ၊ ဆန်စပါးနှင့် ဆီထွက်သီးနှံများ အတွက်လိုအပ်သည့် အခြောက်ခံစက်နှင့် သိုလှောင်ရုံအတွက် စီစဉ်ဆောင်ရွက်လျက်ရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ကော်မတီဝင်များမှ ၎င်းတို့၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တင်ပြချက်များ၊ အကြံပြုချက်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်  လမ်းမတော်(ပြန်/ဆက်)