မော်လမြိုင် ဒီဇင်ဘာ ၃၀
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရပ်ကွက်/ ကျေးရွာများအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင် များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့် အညီ ရောင်းချမှုရှိစေရေး ဆိုင်ထိုင် ရောင်းချမှုမရှိစေရေးတို့ကို ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း၍ တာဝန်ရှိသူ အဖွဲ့များက လိုက်လံ စစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ဈေးဆိုင်နှင့်စားသောက်ဆိုင်များ သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိစေရေး၊ စည်းကမ်း လိုက်နာ မှုရှိစေရေး၊ ပါဆယ်စနစ်ဖြင့်ရောင်းချမှုရှိစေရေးတို့ကို ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များ အားလည်း ဖွင့်လှစ်ခွင့်တင်ပြပါက စိစစ်ဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်း၍ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
ပြည်နယ်(ပြန်/ဆက်)