မြိုင် ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၇ နာရီအချိန်ကမြို့မ ယာယီဈေး၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဝေခဲ့ သည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့ထားသည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးကြေညာစာတမ်းမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား ကောက်နုတ် ချက်များ၊ လွတ်လပ်ရေးအသိ လွတ်လပ်ရေးသတိ ကဗျာ၊ လွတ်လပ်ရေး သစ္စာအဓိဌာန် (၉) ချက်၊ စသည့်အကြောင်းအရာများပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူရ(ပုံတောင်)