ရွှေဘို ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်း မီးလန့်မူ မီးလောင်မူများ မဖြစ်ပွားစေရေးအတွက် ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိစေရန် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ နာရီအချိန်တွင် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသန်းထိုက်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င် (၄) ဦးတို့သည် ရပ်ကွက် (၆) ရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ် ရေးလှည့်လည် သတိပေးနှိုးဆော်ခြင်းဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် မိမိနေအိမ်၊ ဌာန၊ လုပ်ငန်းများတွင် မီးကိုလုံးဝပေါ့ဆစွာ မသုံးစွဲကြပါရန်နှင့်မီးလောင်မှု မဖြစ်ပွားအောင်မီးဘေးအန္တရာယ်ကို နေ့စဉ်သတိပြု၍ ကြိုတင်ကာကွယ်ခြင်းဖြင့်အနိုင်ယူသွားကြပါရန် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)