ပေါက်ခေါင်းမြို့နယ် ရွှေတောင် ငွေတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အသစ်ဆောက်လုပ်နေမှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်

ပေါက်ခေါင်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ရွှေတောင် ငွေတောင်ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အသစ်ဆောက်လုပ်နေသော ကျေးလက်ကျန်းမာရေးဌာနခွဲ အ‌ဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက် ကျပ်သန်း(၇၀)ဖြင့် တင်ဒါအောင်မြင်သော AM Angel Moon ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါတွင် အဆောက်အဦမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။ ယင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က ပေါက်ခေါင်း မြို့နယ် တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်‌ဇော်ဦး နှင့် မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များက အဆိုပါအဆောက်အဦရှိရာသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)