ကျောက်တန်း ဒီဇင်ဘာ ၁၀
သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သူတိုးပွားစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီက အ.မ.က (ပေါက်တော) ၌ စာဖတ်သူတိုးပွားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့သည်။
အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရှိစေရန်အတွက် ကောင်းမွန်သော စာပေများကို ဖတ်ရှုနိုင်ရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာပေများကို (အခမဲ့) လာရောက်ငှားရမ်းကြရန်နှင့် စာဖတ်သူတိုးပွားများပြားပြီး အသိပညာဗဟုသုတများရရှိစေသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြင်ပြောခြင်းများ ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မှုးယစ်ဆေး၀ါးများ၏ ဆိုးကျိုးအန္တာရာယ်များ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)