မင်းလှ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ကျား/မအခြေပြုအကြမ်းဖက်မှုအ သိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီချိန်က အ.ထ.က မင်းလှ(မြို့ပြင်)၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ဇင်သက်က အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သော ဥပဒေများရှင်းလင်းပြောကြားခြင်း၊ လက်ပံတန်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဇင်မာဦးက အကြမ်းဖက်မှုပပျောက်ရေး၁၆ ရက်တာလှုပ်ရှားမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲကို မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)