ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာအသစ် ဆောက်လုပ်နေမှု ရာနှုန်းပြည့်ပြီးစီး

ပေါက်ခေါင်း ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင် ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အသစ် ဆောက်လုပ်နေသော ကျေးလက် ကျန်းမာရေးဌာနခွဲ အ‌ဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက် ကျပ်သန်း(၇၀)ဖြင့် တင်ဒါအောင်မြင်သော AM  Angel Moon ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်သည်။

ယင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က ပေါက်ခေါင်းမြို့နယ် တိုင်းဒေကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်‌ဇော်ဦးနှင့် မြို့နယ် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)