လက်ပံတန်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များသည် သာယာဝတီခရိုင် မြို့နယ်နှင့်လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက (၂)လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်) ဗိုလ်မှူးချုပ်စိုးဦးဟန်က အမှာစကားပြောကြားပြီး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းကျော်က ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး ကိစ္စရပ်များဆောင်ရွက်ထားရှိရေးကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြိုနယ်အတွင်း ဘေးကင်းလုံခြုံစွာရွေးကောက်ပွဲကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးခိုင်က မဲရုံတာဝန်ကျဝန်ထမ်းများ၊ မဲပေးစက်များသယ်ယူပို့ဆောင်ရေးနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်နှင့် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့သည်။
တွေ့ဆုံပွဲသို့ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)