သံဖြူဇရပ်၌ စက်သုံးဆီအ​ရောင်းဆိုင်များအား သတ်မှတ်​စျေးနှုန်းအတိုင်း​ ရောင်းချ​နေမှု ရှိ/မရှိ စစ်​ဆေး​ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအ​ရောင်ဆိုင် (၃) ဆိုင်အား ရည်ညွန်းသတ်မှတ်​စျေးနှုန်းအတိုင်း​ ရောင်းချ​နေမှု ရှိ၊ မရှိ သွား​ရောက်စစ်​ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရာတွင် မြို့နယ်​ရေနံနှင့်​ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိမ်းသိန်းကြီးကြပ်​ရေးဆပ်​ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်​ကော်မတီပါ သက်ဆိုင်ရာဌာနများတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရတနာပုံစက်သုံးဆီအ​ရောင်းဆိုင်၊ ကျိုက္ခမီမြို့ရှိကိုကိုညီညီနှင့်   ရာမာန်စက်သုံးဆီအရောင်းဆိုင် (၃)ဆိုင်အား ရည်ညွှန်းသတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံ‌ဆောင်ရွက်ထားရှိမှုများကိုစစ်​ဆေးပြီး လိုအပ်သည်များကို အကြံပြု​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)