မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ်(၁၂)ဦးထပ်တိုးတွေ့ရှိ အသက် ၇၆ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ(၁)ဦးသေဆုံး

မကွေး ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ် (၁၂)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး၊ မကွေးသင်ကြားရေး ဆေးရုံကြီးတွင် တက်ရောက်နေသော ချောက်မြို့နယ်၊ ကုန်းကြီးရွာမှ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက သေဆုံးသွားကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက သိရသည်။

“ဒီကနေ့မနက်ပိုင်း မကွေးသင်ကြားရေး ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့  ကိုဗစ်-၁၉ လူနာ(၁)ဦး သေဆုံးခဲ့ပါတယ်၊ အဲဒီလူနာက အသက်(၇၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ချောက်မြို့နယ် ကုန်းကြီးရွာမှာ နေထိုင်သူဖြစ်ပါတယ်၊ သင်ကြားရေးဆေးရုံ(မကွေး)မှာ အဆုတ်ရောင်ရောဂါ၊ ကိုဗစ်-၁၉ ရောဂါတို့နဲ့  တက်ရောက် ကုသမှုခံယူသူပါ၊ အသက်အရွယ်ကြီးသူ ဖြစ်တယ်၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့တယ်၊ အဆုတ်ရောင်ရောဂါ ရှိတာတွေနဲ့ အသက်ရှုလမ်း ကြောင်းဆိုင်ရာစနစ် ပျက်စီးပြီး သေဆုံးရတာဖြစ်တယ်”ဟု မကွေးသင်ကြားရေး ဆေးရုံ တာဝန်ရှိသူက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးမှာ  ဒီဇင်ဘာလ ၃၀ ရက်နေ့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၁၂)ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး တိုင်းဒေသကြီး အတွင်းမှာ အတည်ပြုလူနာပေါင်း(၂၅၁၇)ဦးထိ ရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ဒီဇင်ဘာလ ၃၀ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့အတည်ပြုလူနာ(၁၂)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ဒီကနေ့ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြု လူနာတွေက ငဖဲ()ဦး၊ ရေစကြို()ဦးနဲ့ ပခုက္ကူက()ဦးတို့က ယာဉ်မောင်းတွေ ဖြစ်ပြီး၊ အောင်လံ()ဦးက အနံ့ပျောက်လက္ခဏာပြလူနာ()ဦးနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ မှုရှိသူ()ဦးတို့ ဖြစ်ပါတယ်၊ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၂၅၁၇)ဦး ရှိပြီ ဖြစ်တယ်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။

လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၂၅၁၇)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ (၃၂၂)ဦးနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၁၈၈)ဦးရှိကာ သေဆုံး သူကတော့ (၇)ဦးရှိကြောင်း  မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

သန်းနိုင်ဦး(ငဖဲ)