လှိုင်းဘွဲ ဒီဇင်ဘာ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်မောင်းပြည်သူများ အနေဖြင့် ယာဉ်မောင်းရာတွင် စနစ်တကျ မောင်းနှင်စေရန်နှင့် ယာဉ်မတော်တဆမှု လျော့နည်းပပျောက်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းအကွေ့လမ်းနှင့် ပိုင်ကျုံ သွားလမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသော မော်တော် ဆိုင်ကယ်များနှင့် မောင်တော် ကားများကို ယာဉ်အန္တရာယ်မဖြစ်ပွားစေရေး အရှိန်လျော့မောင်းရန်၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ် ဆောင်းရန်၊ သတ်မှတ်ထားသော လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရန်နှင့် ယာဉ်များကို သတ်မှတ်ချက်နှင့်အညီ ရပ်နားကြရန် စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး နောက်နေ့များတွင် ယာဉ်စမ်းလမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဥပဒေအညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)