ကျောက်တံခါးမြို့နယ်တွင် (၇၃)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ကျောက်တံခါး ဒီဇင်ဘာ ၃၁

ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ထုတ်​ဝေသည့် (၇၃)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်း စာစောင်အတွဲ() အမှတ်()ကို ကျောက်တံခါးမြို့မဈေး၊ ကားဂိတ်နှင့် ဆေးရုံတို့တွင် ယမန်နေ့က အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၃)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အမျိုးသား​ရေး ဦးတည်ချက်များ၊ လွတ်လပ်​ရေးဆိုတဲ့အဓိပ္ပါယ်၊ အမျိုးသားညီညွတ်​ရေးကိုအ​ခြေခံ၊ ညီညွတ်​ရေးကို ဦးတည်ကြပါ၊ ကာကွယ်စောင့်​ရှောက်၊ လွတ်လပ်​ရေးသစ္စာအဓိဋ္ဌာန်()ချက်၊ လွတ်လပ်​ရေးအသိ၊ လွတ်လပ်​ရေးသတိ (ကဗျာ) ကာတွန်းစသည့် သုတဆိုင်ရာများပါဝင်ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ခံ ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူ အသိပညာ တိုးပွားစေရန် အတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန်းစန်း (ပြန်/ဆက်)