စေတုတ္တရာ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ တယ်ဇား ကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၂၄.၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တယ်ဇားကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၂၄.၅) သန်းဖြင့် အရှည် (၂၀၀၀)ပေရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 200 kva Transformer (၁)လုံး တပ်ဆင်ခြင်း လုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ (၂၁.၃.၂၀၂၀)ရက်နေ့မှစတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အား စတင်ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ် လျှပ်စစ်ရုံး မန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။
ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၀၆)စုမှ လူဦးရေ (၈၂၄)ဦးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)