ဂန့်ဂေါ ဒီဇင်ဘာ ၃၁
ဂန့်ဂေါမြို့နယ်၌ ယခုနှစ် ဆောင်းရာသီတွင် မကွေး ၁၆ မြေပဲမျိုးစံပြကွက်(၅)ဧက၊ ဆင်းပဒေသာ(၁၁)မြေပဲမျိုး စံပြကွက်(၅)ဧက၊ ရေဆင်း(၁၄) ပဲတီစိမ်းမျိုး စံပြကွက် (၅)ဧက၊ ICCV 2 ကုလားပဲ မျိုးစံပြကွက် (၅)ဧက၊ သီးနှံသစ်တော ရောနှောစိုက်ခင်း စံပြကွက်အဖြစ် နှစ်ရှည်ပင် စိန်တလုံး သရက်ကြားတွင် ရာသီသီးနှံ ဆောင်းပဲတီစိမ်း စိုက်ပျိုးခြင်း (၁၀)ဧကနှင့် မိုးစပါးအပြီး ကုလားပဲသီးထပ် သီးနှံပုံစံ စမ်းသပ်ကွက် (၂) ဧကတို့ကို စိုက်ပျိုး ဆောင်ရွက်ထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ထို့ပြင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသည် ဆောင်းရာသီ သီးနှံစံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးသော တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့် လုပ်အားခများကို ထောက်ပံ့ထားသည်။
ထိုသို့ ထောက်ပံ့ရာတွင် စမ်းသပ်ကွက်၊ စံပြကွက်ဆောင်ရွက်သည့် အကျိုးဆောင်တောင်သူ ၁၁ ဦး သို့ လုပ်အားခနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ထားပြီးဖြစ်သည့်အပြင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများ တွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများ အသိပညာပေး ဆွေးနွေးထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ် ထံမှ သိရသည်။
တောင်သားမောင်သန်း