ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မင်းလှမြို့၊ မုက္ခာချောင်းဖြတ် သံဘောင် ရေတံလျောက် လုပ်ငန်းဆောင်ရွက်‌နေခြင်းအား ကြည့်ရှု

မင်းလှ(အောက်) ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်သည် မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းကျေးရွာအနီးတွင် မုက္ခာချောင်းဖြတ် သံဘောင်ရေတံလျောက် လုပ်ငန်းစတင် ဆောင်ရွက်နေခြင်းကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးဦးအောင်ဇော်နိုင်နှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေး ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးဇော်ဦးနှင့်ခရိုင်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများအား ကြည့်ရူ့ခဲ့ရာ မင်းလှမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆေက်ရေး(၉)မှ ဦးစီးအရာရှိ ဦးသီဟအောင်မှ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

အဆိုပါ လုပ်ငန်းသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆေက်ရေး(၉) မင်းလှမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၀၀)ဖြင့်‌ မုက္ခာဆည် ရေသောက်ဧက (၁၀၀၀) ခန့်အား ရေပေးဝေနိုင်ရန် အမြင့် ၄၀ ပေခန့်ရှိသော ပိုင်တိုင်ပေါ်တွင် အလျား ၂၇၀ ပေ၊ အကျယ် ၃ ပေခွဲခန့်ရှိသော မုက္ခာချောင်းဖြတ် သံဘောင်ရေတံလျောက်ကို တာဝန်ယူဆောင်ရွက်နေပြီး လုပ်ငန်းဆောင်ရွက်ပြီးသွားလျှင် နွေစပါး စိုက်ပျိုးရန်အတွက် ဆည်ရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ