သံတောင်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး ဦးစီးစီးဌာနမှ တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

သံတောင်ကြီး ဒီဇင်ဘာ ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၃)ရပ်နှင့်အညီ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ရွာကြီးကျေးရွာအုပ်စု၊  ပျားစခန်းကျေးရွာရှိတောင်သူ ဦးစောပေါလု၏ Home Garden တွင် တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲကို  ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်းက တောင်သူများ အချင်းချင်းချင်း နည်းပညာဖလှယ်ခြင်းဖြင့် ရရှိလာသည့် အကျိုးရလဒ်ရည်ရွယ်ချက်များ၊ တောင်သူမှ တောင်သူသို့ အသိပညာများ မျှဝေခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ရွာကြီးကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ပြီး စိုက်ပျိုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်းနှင့် ဝန်ထမ်းများက တောင်သူများအတွက် စိုက်ပျိုးရေး နည်းပညာများ သိရှိစေရန် သရုပ်ပြ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)