လဟယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လဟယ် ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ (၆၄ဒသမ၀၅၄)ကျပ်သန်းဖြင့် လဟယ်-ဟွေထိုက်-ပုံညိုနောက်အင်းကြား (၂၀/)မိုင် အနက်(၂၄)ပေအကျယ်မြေသားလမ်း (/)မိုင် ဖောက်လုပ်နေမှုနှင့် ၎င်းလမ်းပေါ်တွင် (××၂၆)ပေ Box Culvert ()စင်းတည်ဆောက်နေမှုကို ယမန်နေ့က ဌာနမှတာ၀န်ရှိသူများ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးပါက လဟယ်မြို့နေ ပြည်သူများနှင့် ၎င်းလမ်းကို အသုံးပြုလျက်ရှိသော ကျေးရွာ ()ရွာမှ အိမ်ခြေ(၉၁၆)အိမ် လူဦးရေ (၅၂၇၄)တို့၏ လမ်းပန်းဆက်သွယ်ရေး ယခင်ထက် ပိုမိုကောင်းမွန်လာပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍနှင့် လူနေမှုဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည် ဖြစ်ကြောင်း နာဂဒေသ ခေတ္တဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရသည်။

ရှားဆက်(ပြန်/ဆက်)