ပေါက် ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရေမြောင်းတူးဖော်ခြင်း၊ ကွန် ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ လမ်းသွယ် (၃)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက် အတွင်းရှိ မင်းမဟာလမ်း၊ ရန်ကြီးအောင်လမ်း အပိုင်း (၂)နှင့် အ.မ.ကအမှတ်(၃)ကျောင်း အရှေ့ဘက်လမ်းများ၌ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း များကို ဒီဇင်ဘာပထမပတ်က စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၇၆)သိန်းဖြင့် ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ မင်းမဟာလမ်းအရှည်ပေ(၃၁၅)၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း၊ ရန်ကြီးအောင်လမ်းအပိုင်း(၂)အား ခွင့်ပြုငွေကျပ် သိန်း(၇၀)ဖြင့် လမ်းအရှည်ပေ (၂၉၀)၊ အကျယ် (၁၂)ပေ၊ ထု(၈)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း နှင့် အ.မ. ကအမှတ်(၃)ကျောင်း အရှေ့ဘက်လမ်းအားခွင့်ပြုငွေကျပ်သိန်း(၅၀)ဖြင့် လမ်းအရှည်ပေ (၂၀၀)၊ အကျယ် (၁၂)ပေ၊ ထု(၈)လက်မရှိ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးအတွက် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ချိုချိုက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည့်အတွက် ရပ်ကွက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ရာတွင် ရာသီမရွေး အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး