ပေါင်မြို့နယ်၌ စျေးဆိုင်များအား Dumex Dupro Brand ထုတ်ကုန်အတုနှင့်ပတ်သက်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ပေါင် ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးဆိုင်များအား Dumex Dupro Brand ထုတ်ကုန်အတုနှင့် ပတ်သက်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်းနှင့် စျေးဆိုင်များမှ ထုတ်ကုန်အတုအား ရောင်းချခြင်းမရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရသည်။

‌မွန်မလေး(ပြန်/ဆက်)