သန်လျင် ဒီဇင်ဘာ ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ခြင်း AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မာဃလမ်းမကြီးအား စက်ယန္တရားများဖြင့် AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။
သန်လျင်မြို့နယ် စည်ပင်သာရေးကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်းများဖြစ်သော သတိပဋ္ဌာန်လမ်း အရှည်အလျား ၃၆၉၃ ပေ၊ အနံ ၂၃ ပေ၊ ထု ၂ လက်မ၊ ဖို့မြေလမ်း အရှည်အလျား ၁၁၃၉ ပေ၊ အနံ ၃၂ ပေ၊ ထု ၂ လက်မ၊ မာဃလမ်း အရှည်အလျား ၁၉၆၇ ပေ၊ အနံ ၂၂ ပေ၊ ထု ၂ လက်မ၊ ဘုရင့်နောင် လမ်း အရှည်အလျား ၅၆၆၅ ပေ၊ အနံ ၂၂ ပေ၊ ထု ၂ လက်မနှင့် ဗိုလ်ချုပ်နေဝင်းလမ်းမကြီး (အောင်သုခမှ ကမ်းနားလမ်း)အထိ အရှည်အလျား ၂၃၂၅ ပေ၊ အနံ ၂၁ ပေ၊ ထု ၂ လက်မအား တင်ဒါအောင်မြင်သော Max Myanmar ကုမ္ပဏီမှ AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့တွင်းလမ်းများအဆင့်မြှင့်တင်ခြင်း AC နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများနှင့် ရေစီး ရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီ ရေးနှင့် သက်မှတ်ရက်အတွင်း လုပ်ငန်းများပြီး စီးရေးတို့အတွက် သန်လျင်မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ခိုင်