ရွှေတောင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရွှေတောင် ဒီဇင်ဘာ၃၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ၊ ကျေးရွာ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဖြစ်ပွားတက်သော ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေသင့်ကြောင်း မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ နေရပ်ပြန် များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့်သတင်းပေးပို့ရမည်ဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေး ညွှန်ကြားချက်များ ကို လိုက်နာကြရန်၊ ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာ ကြရန်နှင့်မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မီးသတ် မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း