ဒဂုံ(အရှေ့) သြဂုတ် ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်ပြေချောမွေ့စေရန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် သုံးခွရပ်ကွက် ရွာလယ်လမ်း ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်နေ ပြည်သူများ၊ သွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် သုံးခွရပ်ကွက် ရွာလယ်လမ်းအား အရှည်ပေ(၁၉၄၀)၊ အကျယ်(၁၄)ပေ နှင့် ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းအရည် အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)