ထန်းတပင် ဒီဇင်ဘာ ၁၂
အမျိုးသမီးများသားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာအုပ်စု၊ ရိုးခွကျေးရွာအုပ်စု၊ သံပုရာကုန်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာအုပ်စုနှင့် ထိန်နှစ်ပင်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့က အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်မှ (၁၂) နှစ်ထိ မိန်းကလေး (၅၆၁) ဦးတို့ကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့လည်း မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်