ချောင်းဆုံမြို့နယ်တွင် ကျေး/လက်ဦးစီးဌာနမှ ကျေးရွာများတွင် ကုန်ထုတ်လမ်းနှင့် ရေပေးဝေးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ချောင်းဆုံ ဒီဇင်ဘာ  ၃၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများနှင့် ရေရှားပါးသည့် ကျေးရွာတို့တွင် ကျေးလက် ရေပေးဝေရေး လုပ်ငန်းများကို  ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် အစိုးရအဖွဲ့၏ လျာထားရန်ပုံငွေနှင့် ကျေး/လက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေး/လက် ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းနှင့် ရေပေးဝေရေးလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ လျာထား ရန်ပုံငွေနှင့် ကျေး/လက် ရန်ပုံငွေဖြင့်  မုကွဲကျေးရွာ  ကုန်ထုတ်လမ်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျေးရွာမှ တင်ပြလာမှုအပေါ် မြို့နယ် ကျေးလက်ဝန်ထမ်းများမှ  လုပ်ငန်းမြေပြင်  ကွင်းဆင်းခြင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ဇီးကုန်းကျေးရွာ  ရေရရှိရေးအတွက်    ထန်းပင်ကုန်း ကျေးရွာမှ ဇီးကုန်းကျေးရွာသို့ (level measure)တိုင်းတာခြင်းကို ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများနှင့် ချောင်းဆုံ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ယာဝန်ထမ်းများမှ ဒီဇင်ဘာ၂၈ ရက်နေ့တို့တွင် ကွင်းဆင်းတိုင်းတာခဲ့ကြောင်း မြို့နယ်ကျေး/လက် ဦးစီးဌာနဦးစီးအရာရှိ ဒေါ်စန်းစန်း မော်ထံမှ သိရသည်။

(မုကွဲ-ကော့မနော) ကျေးရွာချင်းဆက်လမ်း(ကုန်ထုတ်လမ်း)နှင့်  ဇီးကုန်ကျေးရွာ ရေပေးဝေရေး လုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးပါက အိမ်ထောင်စု(၃၀၀)ခန့်ကို လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)