လားရှိုး ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လားရှိုးမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲများအားဆက်လက်ကျင်းပခဲ့ရာ အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ၂၉ ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ၁၀ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)