မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအတွက် စာ‌အုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၁၂

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရှင်သန်နိုင်ရေးအတွက် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအတွက် စာ‌အုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက စာကြည့်တိုက်သို့ ဝင်ထွက်သွားလာခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ‌ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချိုချိုက စာအုပ်၊ စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှုရေးရာဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)