မွန်ပြည်နယ် ရေးမြို့ ဇီးဖြူသောင်ကျေးရွာတွင် လှိုင်းဒဏ်စိုးရိမ်မှုကြောင့် လူနေအိမ်များ ယာယီပြောင်းရွေ့

ရေး ဩဂုတ် ၅

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မုန်တိုင်းအန္တရာယ်သတိပေးထားခြင်းနှင့် လှိုင်းဒဏ်စိုးရိမ်မှုကြောင့် ပင်လယ်ကမ်းနဖူးရှိ လူနေအိမ်(၅၀)ကျော် ကို ဘေးလွတ်ရာသို့ ပြောင်းရွေ့လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့မှုကို ရတနာအောင်မြေကျောင်းတိုက်အတွင်းရှိဓမ္မာရုံနှင့် ၎င်းတို့၏ နီးစပ်ရာအိမ်များသို့ ယမန်နေ့နေ့လယ်က ယာယီပြောင်းရွေ့ ပေးထားကြောင်း ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက ပြောသည်။

အောင်ဖြိုး(ပြန်/ဆက်)