ရန်ကင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေပေးအပ်

ရန်ကင်း  ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရန်ပုံငွေဖြင့်ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ နံနက်က ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊မိုး ကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအားငွေကျပ် (၂၀,၀၀၀/-) စီပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူ(၅၃၀)ဦးအား တစ်ဦးလျှင်ကျပ် (၂၀,၀၀၀/-)နှုန်းဖြင့် သုံးလအတွက် ငွေကျပ် (၆၀,၀၀၀/-)အား ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

 လှလှထွေး