ဗိုလ်တထောင် ဒီဇင်ဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ အ.ထ.က(၆) ဗိုလ်တထောင်၊ အောင်ကျော်ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထုတ်ယူခြင်း၊ lnstallation ပြုလုပ်ခြင်းနှင့် စက်စမ်းသပ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအား ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၄နာရီခွဲက ကျင်းပခဲ့သည်။
ထိုကျင်းပသည့်အစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း (ရန်ကုန်တိုင်းတာဝန်ခံ)၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းကိုနှင့် အတွင်းရေးမှူး ဦးစိုးစိုးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မဲရုံမှူး ဒုမဲရုံမှူးနှင့် မဲရုံများအလိုက် ထိန်းချုပ်စက်ကိုင်တွယ်မည့်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဝင်း( ပြန် /ဆက် )