မော်လမြိုင်​​မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မော်လမြိုင် ဒီဇင်ဘာ ၁၃

ရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ မြိုနယ်ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့များသည် ယနေ့ညနေပိုင်းက မော်လမြိုင်မြို့  မြိုင်ရတနာဈေးထိပ်တွင် Billboard စိုက်ထူခြင်းနှင့် ဘဲကုန်းဈေး၊ မြိုင်ရတနာဈေးနှင့် သီရိမြိုင်ဈေးအတွင်း၌ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ Billboard  နှင့်  လက်ကမ်းစာစောင်တွင် "ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့၊" စသည့် အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင် ၁၅၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)