သရက်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ၊ သရက်မြို့၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မီးသွေးဖုတ်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအုန်းမြင့်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူ၏ တာဝန်များအကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦကျော်လှိုင်ဦးက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ပိုက်ကျော်ခြင်းပိုက်အား လှူဒါန်းပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနက အသိပညာပေးလက်ကမ်းစာစောင်များအား ပေးဝေခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)