မင်္ဂလာတောင်ညွန့်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ရောက်ရှိလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာရောက်ရှိလာသူ ရပ်ကွက် (၈)ရပ်ကွက်မှ လူဦးရေ (၃၆၀)ဦးတို့အတွက် တစ်ဦးလျှင်တစ်လ ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ် (၆၀၀၀၀)ကျပ်ကို တာဝန်ရှိသူများက ကာယကံရှင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်လွင်နှင့် အဖွဲ့ဝင်ဦးဝင်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)