ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၉၄)ရပ်ကွက်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံဒေသအသီးသီးမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-စီအား ပေးအပ်ရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမှတ်(၉၂)နှင့် (၉၄) ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ကျပ်၂၀၀၀၀/-နှုန်းဖြင့် သုံးလစာအတွက် ငွေကျပ် ၆၀၀၀၀/- အား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)