ဒဂုံမြောက် ဒီဇင်ဘာ ၁၂
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အောင်ရတနာ (၁၁)လမ်းရှိ သီလရှင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉)နှစ်မှ (၁၂)နှစ်ထိ သီလရှင် (၂၂)ဦးတို့ကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ