မင်းလှမြို့၌ “ ဒို့အတူတူမဲပေးကြမယ် ” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

အထက်မင်းလှ ဒီဇင်ဘာ ၁၃

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ၌ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၈ နာရီခွဲက လူစည်ကားရာ ဇေယျာသီရိဈေးနှင့် မင်းလှမြို့ အဝင်တြိဂံလမ်းဆုံမှ မင်းလှ-သရက်ကားလမ်းမဘေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူစည်ကားရာ ဇေယျာသီရိဈေးနှင့် မင်းလှမြို့အဝင် တြိဂံလမ်းဆုံမှ မင်းလှ-သရက်ကားလမ်းမဘေးတို့တွင် “ ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို အခမဲ့သွားရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ဝင်းမြတ်(အထက်မင်းလှ)