ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ခန္တီး ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဝန်ထမ်းစာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးသီဟထက်အောင်က နိုင်ငံဝန်ထမ်းနည်းဥပဒေများစာအုပ် အခန်း (၁၅) ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က အခန်း(၂၄) ဝန်ထမ်းမှတ်တမ်းစာအုပ်ထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထိုသို့ ဝန်ထမ်းစာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး စာပေချစ်မြတ်နိုးသူ Book Club၊ Youth Club ၊ Women Club အဖွဲ့များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)