ပန်းဘဲတန်းမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပန်းဘဲတန်း ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေသည့် ပြည်သူများအတွက် အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဒုတိယဗိုလ်မှူးကြီး စိုးမင်း‌အောင်က အဖွင့်အမှာစကားပြောကြားပြီး ပန်းဘဲတန်းမြို့ ထောက်ပံ့ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ပန်းဘဲတန်းမြို့နယ်အတွင်း နေရပ်အသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လာရောက်တိမ်းရှောင်နေထိုင်ကြသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ဇူလိုင်၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၆၀၀၀၀/)နှုန်း ဖြင့်အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၈၁)ဦးအား စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၈၆၀၀၀ဝိ/-) တိတိအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)