ကမာရွတ်မြို့နယ်၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီကကျင်းပရာ ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါလမ်းလျှောက်ပွဲဆင်နွှဲခြင်းကို စုရပ်ဖြစ်သည့် အမှတ်(၉)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းမှစ၍ အင်းလျားလမ်း၊ သထုံလမ်းတလျှောက်အတိုင်း သထုံလမ်း တက္ကသိုလ်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁) (၂)နှင့် ကျောင်းသား၊ ကျောင်းသူလေးများက Fitness Dance အကများဖြင့် ဆောင်ရွက်ခဲ့ကာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

စိမ်းလဲ့(ပြန်/ဆက်)