အလုံ ဒီဇင်ဘာ ၁၃
အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ နှင်းဆီလမ်းရှိ အလုံမြို့နယ်ခန်းမ၌ ယမန်နေ့ညနပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များ ထုတ်ယူခြင်း၊ Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။
(၂၈.၁၂.၂၀၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များ ထုတ်ယူခြင်း၊ Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်နေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးအောင်စောဝင်း (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်ဖြူဖြူဥ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးအောင်စောဝင်း (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)က MEVM မဲပေးစက် တပ်ဆင်အသုံးပြုခြင်းနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါမဲပေးစက် တပ်ဆင်ခြင်းများ ဆောင်ရွက်ရာသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်ဖြူဖြူဥ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မဲရုံတာဝန်ကျ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလုံမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်သူရိန်နှင့် တပ်ဖွဲ့၀င်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)