ပြည် ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများနှင့် ပြည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သော ခရိုင်အဆင့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ပြည့်ဝစွာရရှိရေးနှင့် မဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှဖြည့်ဆည်းဆောင်ရွက်ပေးမည့်အကြောင်းများကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)