ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

စစ်တွေ ဒီဇင်ဘာ ၁၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ စစ်တွေမြို့၊ ဓညဝတီအားကစား ကွင်းအထိ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသည်။

စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စတင်ဖွင့်လှစ်ပေးပြီး လမ်းလက်ပွဲကိုပါဝင် ဆင်နွှဲကြသည်။ ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့စုရပ်မှစတင်ကာ မေယုလမ်းတစ်လျှောက် ထို့မှတစ်ဆင့် သတ္တဌာနလမ်းမှ စစ်တွေမြို့ ဓညဝတီအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၀၀) ကျော်တို့ ပါဝင်ဆင်နွှခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)