တိုက်ကြီးမြို့နယ်၌ မဲရုံများသို့ ဖြန့်ခွဲမည့် မဲပေးစက်များကို Installation တပ်ဆင်ဆောင်ရွက်

တိုက်ကြီး ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် မဲရုံများသို့ဖြန့်ခွဲမည့် မဲပေးစက်များ Installation တပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အိုးတန်းရပ်ကွက်ရှိ ရွှေဂျိုးဖြူခန်းမ၌ ဆောင်ရွက်သည်။

ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲပေးစက်များ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် မဲပေးစက်ကိုင်တွယ်မည့်သူ ၈၅၆ ဦးတို့က ရွေးကောက်ပွဲတွင် အသုံးပြုဆောင်ရွက်မည့် မဲပေးစက်များကို Installation တပ်ဆင်ဆောင်ရွက်ကြသည်။

အဆိုပါ Installation တပ်ဆင်ဆောင်ရွက်မှုလုပ်ငန်းကို ငါးရက်ကြာပြုလုပ်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုလေ့လာခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)