ဆင်ပေါင်ဝဲမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ဆင်ပေါင်ဝဲ ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန(ရုံးချုပ်)မှ ပေးပို့သော(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များ၊ မော်တော်ဆိပ်နှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့သည်။

အဆိုပါ‌ သတင်းစကား လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကျောက်တိုင်၊ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် (၉)ချက်၊ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ (ကဗျာ)၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်၊ အမျိုးသားညီညွတ်ရေးကို အခြေခံ၊ ကာကွယ်စောင့်ရှောက် (လွတ်လပ်ရေး ကြေညာ စာတမ်း)၊ ညီညွတ်ရေးကို ဦးတည်ကြပါ စသည့် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ ကောက်နုတ် ချက်များနှင့် သရုပ်ပြကာတွန်းများ ပါဝင်ကြောင်း သိရသည်။

အိဖြူဖြူမောင်(ဆင်ပေါင်ဝဲ)