ခရမ်း ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အားကာရုံးဝန်းအတွင်းရှိ အားကစားခန်းမ၌ ဒီဇင်ဘာလ (ဒုတိယ)ပတ် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို ဒီဇင်ဘာ ၁၃ နံနက် (၈)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ဒီဇင်ဘာအားကစားလှုပ်ရှားမှုပြိုင်ပွဲများအဖြစ် အာလူးကောက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ပူစီပေါင်းသယ်ပြိုင်ပွဲများကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ မူလတန်း ကျောင်းသား၊ ကျောင်းသူများက ဝင်ရောင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးအမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ခေတ္တပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ မြို့နယ် အားကစားမှူးနှင့် ဝန်ထမ်းများစုပေါင်း အားပေးဆောင်ရွက်ခဲ့ပြီး အားကစားပြိုင်ပွဲအလိုက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရမ်း(ပြန်/ဆက်)