ရေစကြို ဒီဇင်ဘာ ၁၄
ရေစကြိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညနေ ၃ နာအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁)ကျောင်း၀န်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူလတန်းအဆင့် ကျောင်းသူများက “စည်းလုံးခြင်းသည်အင်အား” သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အဖွဲ့၀င် ဦးကျော်ဝင်းနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းမောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံး၀င်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ(၂)ပြိုင်ပွဲ၊ မီတာ(၅၀)KG ပုတီးကုံးသီပြိုင်ပွဲ၊ အလယ်တန်းအဆင့် အလျားခုန်ပြိုင်ပွဲ၊ အထက်တန်းအဆင့် မီတာ(၈၀၀) အပြေးပြိုင်ပွဲနှင့် မီတာ (၄၀၀)အပြေးပြိုင်ပွဲ၊ အလယ်တန်းအောက် ဆင့်မီတာ(၁၀၀x၄)လက် ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အသက်(၁၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အဖွဲ့၀င် ဦးကျော်ဝင်းနှင့် အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းမောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံး၀င်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဇင်မို့(ရေစကြို)